ရန်ကုန်စတော့အိတ်ချိန်း (အင်္ဂလိပ်: Yangon Stock Exchange၊ အတိုကောက် YSX) သည် ယခင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် မြဝတီဘဏ် (ရန်ကုန်ဌာနချုပ်)တို့ ဖွင့်လှစ်ခဲ့သော အဆောက်အဦးနေရာတွင် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ၌ ဖွင့်လှစ်ခဲ့သည်။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ဂျပန်ကုမ္ပဏီကြီးနှစ်ခုဖြစ်သည့် Daiwa Securities Group ၏ သုတေသနဌာနဖြစ်သော Daiwa Institute of Research နှင့် Japan Exchange Group တို့သည် အစိုးရပိုင် မြန်မာ့စီးပွားရေးဘဏ်နှင့် ဖက်စပ်လုပ်ငန်းတစ်ခုကို စတင်တည်ထောင်ခဲ့သည်။ ဖက်စပ်ကုမ္ပဏီဖြစ်သည့် Yangon Stock Exchange-Joint Venture Limited ၏ လုပ်ငန်းမတည်ငွေသည် US$၃၁ သန်းဖြစ်သည်။ မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်မှ ကမ္ဘောဇဘဏ်ကို YSX ၏ အခြေချဘဏ်အဖြစ် ရွေးချယ်ခဲ့သည်။

2025-11-02




































































































































































































































































































































































































































































































































































































































































































































































































































































































































































































































































































































































































































































































































































































































































































































































































































































































































































































































































































































































































































































































































































































































































































































































































































































































